Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Friday

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခုနစ်ဖွဲ့ ကလေးစစ်သားများကို အသုံးပြုနေကြောင်း ကုလထုတ်ဖော်


Source : 7daydaily

"တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခုနစ်ဖွဲ့ ကလေးစစ်သားများကို အသုံးပြုနေကြောင်း ကုလထုတ်ဖော်"
မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား တပ်သားအဖြစ်အသုံးပြုနေသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စလိုင်လာဇာရူဂူအီက ပြောကြားသည်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့သို့ ငါးရက်ကြာ ခရီးစဉ်အပြီး ဇူလိုင် ၁၆ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သတင်းထောက်များအား ပြောကြားသွားခြင်း ဖြစ်သည်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်( DKBA)၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ငြိမ်းချမ်းရေးကောင်စီ (KNLAPC)၊ ကရင်နီတပ်ဖွဲ့(KA)၊ ရှမ်းပြည်နယ် တပ်ဖွဲ့တောင်ပိုင်း (SSA-S)နှင့် "ဝ"ပြည်သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ (UWSA) တို့သည် ကလေးလူငယ်များအား တပ်သားအဖြစ်ခေါ်ယူစုဆောင်းအသုံးပြုနေသော တိုင်းရင်သားလက်နတ်ကိုင်တပ်ဖွဲ့ များဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ပြောဆိုလိုက်သည်။
"ကလေးတွေကို ခေါ်ယူစုဆောင်းနေသူတွေကို ဖမ်းပါ။ ကလေးတွေကို မဖမ်းပါနဲ့"ဟု မစ္စလိုင်လာဇာရူဂူအီက ပြောသည်။
ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်သည် ကလေးသူငယ်များအား တပ်သားအဖြစ်ခေါ်ယူစုဆောင်းအသုံးပြုနေသော တိုင်းရင်သားလက်နတ်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ပြီး KIA တပ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးဖြစ်ကာ KNLA-PC ၊ KNPP တို့နှင့်လည်း မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်း ပြောသည်။

No comments:

Post a Comment