Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Friday

သတင်းရင်းမြစ် ပိုဆန်လာတဲ့ လူမှုကွန်ရက်များ


Source : 7day daily

လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေကို အဓိကအသုံးပြုကြတဲ့ ရည်ရွယ်ချက်က ခင်မင်ရင်းနှီးသူအချင်းချင်း ချိတ်ဆက်ဖို့ အွန်လိုင်း ကနေ မိတ်ဆွေတွေတိုးပွားစေဖို့ဆိုတာတွေပဲ ယေဘုယျဆန်ဆန် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူမှု ကွန်ရက် ယဉ်ကျေးမှုထွန်းကားလာတာနဲ့အမျှ ဦးတည်ရာလမ်းကြောင်းတွေဟာလည်း သိမ်သိမ်မွေ့မွေ့ ပြောင်းလဲလာခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး လူမှုကွန်ရက်ကြီးတွေဖြစ်ကြတဲ့ Facebook နဲ့ Twitter တို့ဟာ ဒီနေ့အချိန်မှာတော့ အင်တာနက်ပေါ်က အဓိကသတင်းရင်းမြစ် တွေအဖြစ် ပြောင်းလဲလာနေပြီလို့ မကြာသေးမီကပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းတစ်စောင်က ဖော်ပြထားပါတယ်။

No comments:

Post a Comment