Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Saturday

သင့်ကိုယ်သင်စိတ်မပျက်သင့်တဲ့ အချက်(၈)ချက်




disappointment

Credit : moeshinn

သင့်ကိုယ်သင်မြင်တဲ့အမြင်က သူများတွေ သင့်ကိုမြင်တဲ့အမြင်ထက်ပိုအရေးကြီးပါတယ်။ သင့်ကိုယ်သင်မှ
အထင်မကြီးရင်သင့်ကိုမည်သူမျှအထင်ကြီးတော့မှာမဟုတ်ပါဘူး။ဒါ့ကြောင့်သင့်ကိုယ်သင်ပြန်မြင်တဲ့အမြင်
အရမ်းအရေးကြီးပါတယ်။ သင်ကျရှုံးဖူးရုံ၊ မှားဖူးရုံနဲ့တော့ သင့်ကိုသင်စိတ်မပျက်သင့်ပါဘူး။ ဘာလို့လဲဆို
တော့လူတိုင်းကျရှုံးဖူးလို့ပါပဲ။ သင်အောင်မြင်ချင်တာ ကောင်းပါတယ်။ ဒါပေမယ့်အောင်မြင်ချင်တဲ့စိတ်
ကြောင့်လိုချင်တာတွေမရတဲ့အခါ သင့်ကိုယ်သင် စိတ်မပျက်သင့်ပါဘူး။ စိတ်ဓာတ်ကျတယ်ဆိုတာ ပုံမှန်
ဖြစ်ပေမယ့်အောက်ဆုံးထိကျသွားရင်တော့ ပြန်ဆွဲတင်ရတာခက်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင်
စိတ်ပျက်နေရင်အောက်မှာ ဖော်ပြပေးမယ့် အချက်လေးတွေ ဖတ်စေချင်ပါတယ်။ သင့်ကိုယ်သင်ဘာလို့
စိတ်မပျက်သင့်လဲဆိုတဲ့ အကြောင်းပြချက်(၈)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင်အမြဲတမ်းတိုးတက်နိုင်တယ်။
သင်ဘယ်အသက်အရွယ်ပဲရောက်ရောက်၊ ဘယ်လောက်ပဲအမှားတွေလုပ်ခဲ့လုပ်ခဲ့ သင်သာကြိုးစားရင် သင့်မှာတိုးတက်နိုင်တာတွေအများကြီးရှိပါသေးတယ်။ ဒါကြောင့် သင့်ကိုစိတ်ဓာတ်ကျစေခဲ့တဲ့အမှား တွေရှိရင်
 နောက်တစ်ခါ မမှားအောင်လုပ်ပါ။ အရင်တစ်ကြိမ်ကထက် တိုးတက်အောင်လုပ်ပါ။

(၂) ဘယ်သူမှမပြည့်စုံပါဘူး။

သင် ပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဝမ်းနည်းစွာနဲ့ပဲပြောပါရစေ။ ကျွန်တော်တို့လူသားအားလုံး အရာရာပြီးပြည့်စုံတဲ့သူမဖြစ်နိုင်ပါဘူး။ လူတိုင်းလူတိုင်း အားနည်းချက် ကိုယ်စီ ရှိတတ်
ကြပါတယ်။ ဒါ့ကြောင့် သင့်မှာမပြည့်စုံရင် အခြားသူတွေလည်း မပြည့်စုံဘူးဆိုတာ မမေ့ပါနဲ့။

(၃) လူတိုင်းအမှားလုပ်တတ်ကြတယ်။

အမှားတစ်ခါလုပ်တိုင်းသာ သင်မမေ့ကြေးဆို သင့်ဦးနှောက်ထဲမှာ အခြားအရာတွေထည့်ဖို့နေရာ တောင်ရှိမှာမဟုတ်ပါဘူး။လူတိုင်းလူတိုင်းအမှားလုပ်တတ်ကြပါတယ်။သင်လည်းအမှားလုပ်တတ်တယ်။ကျွန်တော်လည်းအမှားလုပ်ဖူးတယ်။ စကားပုံတစ်ခုရှိတယ်။ အမှားဆိုတာ ပြန်သတိ မရနေရင်စကားလုံးတစ်ခုထက်မပိုဘူးတဲ့။အမှားလုပ်ပြီးရင် ချက်ချင်းမေ့ပစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အခြားစကားပုံတစ်ခုကတော့ “အမှားကောင်းကို မဖြုန်တီးလိုက်ပါနဲ့။ အဲ့ဒိအမှားကနေ တစ်ခုခုရအောင်ယူပါ”တဲ့။ အမှားတွေရှိရင် အဲ့ဒိအမှားကနေသင်ခန်းစာယူပါ။ ပြီးရင် အဲ့ဒိအမှား နောက်တစ်ကြိမ်မမှားအောင်ကြိုးစားပါ။

(၄) အမြဲတမ်းမျှော်လင့်ချက်ရှိတယ်။

အလုပ်မရလို့၊ ချစ်သူနဲ့ကွဲလို့၊ အိမ်လေးတစ်လုံးတောင် ပိုင်ဆိုင်ခွင့်မရှိလို့ အစရှိသဖြင့် စိတ်ဆင်းရဲ နေရင်
သင့်မှာမနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။ လူတိုင်းမနက်ဖြန်ကို မျှော်လင့်ခွင့်မရှိပါ
ဘူး။ ကင်ဆာဖြစ်နေတဲ့သူတွေ၊ ရောဂါဆိုးခံစားနေရသူတွေ၊ AIDS ဖြစ်နေတဲ့ ကလေးတွေ သူတို့လေးတွေ
ရော မနက်ဖြန်ကို သင့်လိုရဲရဲဝံ့ဝံ့မျှော်လင့်ရဲမယ် သင်ထင်လို့လား? မနက်ဖြန်တိုင်းမှာ သင်ပိုကောင်းတဲ့
အလုပ်တစ်ခုရသွားနိုင်ပါတယ်။ အရင်ချစ်သူထက် သင့်ကိုပိုချစ်တဲ့ ချစ်သူတစ်ယောက်လည်းရသွားနိုင်ပါတယ်။အရေးကြီးတာ အမြဲတမ်းမျှော်လင့်ချက်ရှိပြီး အချိန်တိုင်း အကောင်းဆုံးလုပ်ဆောင်နေဖို့ပဲလိုပါတယ်။

(၅) စိတ်အားတက်ကြွစွာနေပါ။

ဘဝမှာအောင်မြင်တဲ့သူတွေက စိတ်ဓာတ်ကျမှုရဲ့လွှမ်းမိုးခြင်းကို ဘယ်တော့မှာမခံပါဘူး။ သူတို့က ကျနေတဲ့
စိတ်ဓာတ်ကိုအမြဲပြန်ကောက်တင် တိုက်နေတဲ့တိုက်ပွဲကို နိုင်အောင်တိုက်ပါတယ်။ တကယ်တော့ အောင်
မြင်ချင်ရင် လက်ဝှေ့သမားတွေကို အတုယူရပါမယ်။ လက်ဝှေ့သမားဆိုတာ တစ်ကြိမ်တစ်ခါတော့ မူးမေ့သွားလောက်အောင်အထိုးခံဖူးပါတယ်။ ဒါပေမယ့် မူးဝေနေတဲ့စိတ်ကို ပြန်စုစည်း ဒိုင်လူကြီးရဲ့ အမှတ်စဉ်ကိုသေချာနားထောင် ထိုးနေတဲ့ပွဲကဆက်ပြီး အနိုင်ရအောင် ထိုးရပါတယ်။ တစ်ခါတစ်လေ လောကကြီးမှာ အရှိုက်ကိုအထိုးခံရသလို မူးမေ့သွားလောက်တဲ့ လောကဓံတရားတွေ သင်ခံစားရပါလိမ့်မယ်။ ဒါကသင်
တစ်ယောက်ထဲမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒိအချိန်ကျရင် သင့်ရဲ့စိတ်တွေကိုပြန်စုစည်းပါ။ သင်တိုက်နေတဲ့ပွဲကို နိုင်အောင်ဆက်တိုက်ပါ။ ဘယ်တော့မှာ လဲကျတဲ့နေရာမှာပဲပျော်မနေပါနဲ့။ သင့်ကိုယ်သင် စိတ်ဓာတ်တက်ကြွအောင်အမြဲနေပါ။

(၆) သင့်ကိုယ်သင်သူများတွေနဲ့မနှိုင်းယှဉ်ပါနဲ့။

လူတော်တော်များများစိတ်ဓာတ်ကျရခြင်းအကြောင်းအရင်းက သူတို့ကိုသူတို့ သူများတွေနဲ့ လိုက်နှိုင်းယှဉ်လို့ပါပဲ။ သူများတွေက ရုပ်ပိုလှတယ်၊ပိုက်ဆံပိုရှာနိုင်တယ် စသဖြင့်ပေါ့။ နောက်ဆုံး ပြောရရင် Facebook ပေါ်မှာLikeပိုရတယ်ကအစ လိုက်မနှိုင်းယှဉ်ပါနဲ့။ လူတွေက အများအမြင် ရှေ့မှာသာ ပျော်စရာတွေ၊ ကြွားစရာတွေထုတ်ပြနေကြတာပါ။ သူတို့ထဲမှာလည်း စိတ်ဓာတ်ကျနေသူတွေ အများကြီးပါပဲ။ ဒါ့ကြောင့် သင့်
ကိုယ်သင်ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။

(၇) သင့်ကိုသူများတွေလွှမ်းမိုးတာကိုမခံပါနဲ့။

အခြားသူများကြောင့် သင်စိတ်ဆင်းရဲနေတယ်ဆိုရင် သင့်ရဲ့စိတ်ကိုပြင်သင့်ပါပြီ။ သင့်ရဲ့သန့်ရှင်းတဲ့စိတ်ကို
ညစ်ညမ်းတဲ့သူတွေကြောင့် ဘယ်တော့မှ မထိခိုက်ပါစေနဲ့။

(၈) ဘယ်တော့မှအရှုံးမပေးနဲ့။

တစ်ခါတစ်လေတောကျွန်တော်တို့အားလုံးကျရှုံးဖူးကြတာချည်းပါပဲ။ အမြဲတမ်းနိုင်ဖို့မဖြစ်နိုင်သလို အမြဲတမ်း
လည်း ရှုံးမနေပါဘူး။ တစ်ကြိမ်တစ်ခါ ကျရှုံးဖူးရုံနဲ့တော့ သင့်မျှော်လင့်ချက်တွေကို ရိုက်မချိုး လိုက်ပါနဲ့။ သင်
လက်မမြှောက်သ၍ မရှုံးသေးပါဘူး။သင်ရောကျရှုံးဖူးပါသလား?အကယ်၍ ကျရှုံးဖူးတယ်ဆိုရင် အဲ့ဒိအရှုံးထဲက ဘယ်လိုထွက်လေ့ရှိပါသလဲ?သင့်ရဲ့အမြင်တွေကို မျှဝေနိုင်ပါတယ်။

မိုးရှင်း (I.M.T)

No comments:

Post a Comment