Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Saturday

အောင်မြင်သူတွေဘယ်တော့မှ လုပ်လေ့မရှိတဲ့အရာ(၈)ခု


Source : moeshinn

အောင်မြင်သူတွေက အလုပ်တွေကိုကြိုးစားပြီး ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ရုံတင်မကပါဘူး သူတို့ရဲ့
စိတ်ကိုလည်း ကျန်းမာအောင်ထားလေ့ရှိပါတယ်။ လူအများစုမလုပ်နိုင်တဲ့အလုပ်တွေကိုသူတို့လုပ်နိုင်ကြတာလူအများမထားနိုင်တဲ့ စိတ်ဓာတ်မျိုးထားနိုင်အောင် သူတို့လေ့ကျင့်ခဲ့ကြလို့ပါပဲ။ သင်ရောဘဝမှာအောင်
မြင် ချင်ပါသလား? ဒါဆိုရင်တော့ အောင်မြင်သူတွေ ဘယ်တော့မှလုပ်လေ့မရှိတဲ့အရာ(၉)ခုကိုအာက်
မှာဖော်ပြပေးလိုက်ပါတယ်။


(၁) သူတို့ရဲ့ပျော်ရွှင်ခြင်းတွေကို ဘယ်သူ့ကြောင့်မှအပျက်အစီးမခံဘူး။

သင့်ရဲ့ပျော်ရွှင်မှုတွေက တစ်စုံတစ်ယောက်ကြောင့်ရရှိလေ့ရှိရင် ထိုတစ်စုံတစ်ယောက်မရှိတော့တဲ့အခါ
သင်ပျော်ရွှင်နိုင်မှာမဟုတ်တော့ပါဘူး။ အောင်မြင်သူတွေက သူတို့ရဲ့ပျော်ရွှင်မှုတွေကို တစ်စုံတစ်ယောက်ဆီ
မှာအပ်နှံထားလေ့မရှိပါဘူး။ သူတို့ဘာသာ သူတို့ကျေနပ်အားရပျော်ရွှင်နေတဲ့အချိန်မျိုးမှာလည်း ဘယ်သူ့
ကြောင့်မှ သူတို့ပျော်ရွှင်မှုတွေကို ပျက်စီးခံလေ့မရှိပါဘူး။

(၂) သူတို့ကမေ့လေ့မရှိဘူး။

သူတို့က သူတို့အပေါ်အမှားလုပ်ခဲ့သူတွေကို ခွင့်လွှတ်ကောင်းခွင့်လွှတ်မယ်။ ဒါပေမယ့် မေ့လေ့တော့မရှိ
ပါဘူး။ ပြန်လည်ကလဲ့စားချေချင်တဲ့စိတ်မျိုးနဲ့တော့မဟုတ်ပါဘူး။ သူတို့ကနောက်တစ်ခါ အမှားမခံချင်တာပါ။

(၃) သူတို့က ပြည့်စုံအောင်ချယ်သဖို့ကို အမြဲဦးစားပေးလေ့မရှိဘူး။

သူတို့က ဘယ်လိုအချိန်ကျမှာ ပြည့်စုံစွာတိတိကျကျလုပ်ရမယ်ဆိုတာကိုသိပြီး ပြည့်စုံအောင်ချယ်သူနေဖို့
မလိုတဲ့နေရာတွေကိုလည်း သိပါတယ်။ အခြေအနေနဲ့အချိန်အခါအရ ချိန်ညှိတတ်ပါတယ်။ တစ်ချို့ကိစ္စ
တွေက ပြီးပြည့်စုံအောင်ချယ်သပြီး အချိန်အများကြီးဖြုန်းဖို့မလိုပါဘူး။

(၄) သူတို့ကအတိတ်မှာ မနေထိုင်ဘူး။

သူတို့က ကျရှုံးမှုတွေရှိခဲ့ကောင်းရှိမယ်။ ဒါပေမယ့် ဘယ်တော့မှ အတိမှာနေထိုင်မနေကြပါဘူး။ ကျရှုံးတဲ့
သူတွေက ပြန်မပြင်နိုင်တော့တဲ့အတိတ်မှာနေထိုင်လေ့ရှိကြပါတယ်။ အောင်မြင်တဲ့သူတွေကတော့
အတိတ်ကအမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်ကိုပုံဖော်လေ့ရှိပါတယ်။ အတိတ်မှာနေထိုင်နေရင်
ဘဝမှာရှေ့ကစောင့်စားနေတဲ့ ပျော်ရွှင်စရာတွေကိုမရနိုင်ဘူးဆိုတာကို သူတို့ကောင်းကောင်းသဘော
ပေါက်ကြပါတယ်။

(၅) သူတို့ကပြသနာတွေအကြောင်းကိုပဲအမြဲစဉ်းစားလေ့မရှိဘူး။

သူတို့က ပြဿနာတွေပေါ်မှာ အချိန်အကြာကြီးဖြုန်းပြီးစဉ်းစားနေလေ့မရှိပါဘူး။ သူတို့ကဖြေရှင်းဖို့ကို
ခေါင်းအေးအေးနဲ့စဉ်းစားလေ့ရှိပါတယ်။ အဖြေရဖို့ပဲ အာရုံစိုက်နေတဲ့အတွက် ပြသနာဆိုတဲ့အတွေးမဝင်
တော့ပါဘူး။ ဒါ့ကြောင့်လည်းပဲ အဖြေကိုအမြန်ဆုံးရှာတွေ့လေ့ရှိပါတယ်။

(၆) သူတို့က အဆိုးမြင်တတ်တဲ့သူတွေနဲ့ အချိန်ဖြုန်းလေ့မရှိဘူး။

အဆိုးမြင်တတ်တဲ့သူတွေကဟာ သူတို့အတွေးတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ကြောင်းကိုသူတို့
ကောင်းကောင်းကြီးသဘောပေါက်ထားကြပါတယ်။ အဆိုးမြင်တဲ့သူတွေဟာ အဖြေရှာဖို့ကိုဘယ်တော့မှ
အာရုံ စူးစိုက်လေ့မရှိပါဘူး။ အမြဲတမ်း ဆင်ခြေတွေပေးလေ့ရှိပြီး ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း စိတ်
အနှောက်အယှက်ပေးလေ့ရှိပါတယ်။ အဆိုးမြင်တဲ့သူတစ်ယောက်အနားနေရတာ ဆေးလိပ်သောက်တဲ့သူနားနေရသလိုပါပဲ။

(၇) သူတို့ကမကျေနပ်ချက်တွေ၊ မနာလိုမှုတွေကိုအချိန်ကြာကြီးစိတ်ထဲထားလေ့မရှိပါဘူး။

မကျေနပ်ချက်တွေ၊မနာလိုမှုတွေဟာ စိတ်ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်နိုင်ပြီး စိတ်မကျန်းမာရင်
လူလည်း မကျန်းမာနိုင်ဘူးဆိုတာကိုသူတို့ ကောင်းကောင်းသိကြပါတယ်။ ဒါ့ကြောင့်လည်း ထိုအတွေးဆိုးတွေတွေကိုသူတို့က စိတ်ထဲမှာ အကြာကြီးပေးမထားပါဘူး။ ဝင်လာတာနဲ့ မောင်းထုတ်ပစ်လေ့ရှိပါတယ်။

(၈) သူတို့ကသူတို့တကယ်မလုပ်ချင်ပဲ Yes လို့ဘယ်တော့မှပြောလေ့မရှိပါဘူး။

လေ့လာမှုတွေအရ No ကိုပြောတတ်လေလေ သင့်ဆီမှာ Stress တွေလျော့လေလေပါပဲတဲ့။ တစ်ချို့သူတွေ
ကအားနာစွာနဲ့ ဘာပဲပြောပြော Yes လို့ပြောလေ့ရှိပါတယ်။ သူတို့ကတစ်ချိန်ချိန်မှာ Stress တွေပိပြီးရောက်
နေတဲ့နေရာက နေပြန်ပြုတ်ကျလေ့ရှိပါတယ်။ မနိုင်တဲ့ဝန်ကိုထမ်းခြင်းရဲ့ အကျိုးဆက်ပါ။ အောင်မြင်သူတွေကဒီအချက်ကို ကောင်းကောင်းသိပါတယ်။ Noလို့ပြောတာ ရိုင်းတာမဟုတ်ပါဘူး။ အကျိုးအကြောင်း
ဆီလျော်ရင်No ဆိုတာ ပြောသင့်တဲ့စကားပါ။ ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို Yes လို့ပြောတာကမှ တကယ်အားနာစရာပါ။တကယ့်တကယ်မှာ ကိုယ်လည်းပင်ပန်း ထွက်လာတဲ့ ရလဒ်ကလည်းမကောင်းဆိုရင် သင့်အတွက်လည်းမကောင်း သူ့အတွက်လည်းမကောင်းပါဘူး။ မလုပ်ချင်တဲ့အလုပ်တစ်ခု၊ မလုပ်နိုင်တဲ့အလုပ်တစ်ခုကို Yes လို့ပြောပြီးမှခံစားရတဲ့ Stress ကိုအောင်မြင်သူတွေကသိပါတယ်။ဒါ့ကြောင့်လည်းသူတို့က သူတို့တကယ်မလုပ်နိုင်တဲ့ကိစ္စကို အားနာပါးနာနဲ့ yes လို့ခေါင်းညိတ်လေ့မရှိပါဘူး။
ဗဟုသုတတိုးပွားပြီးဘဝမှာအောင်မြင်တဲ့သူတွေဖြစ်ကြပါစေဗျာ။


မိုးရှင်း (I.M.T)
Ref:en.amerikanki.com

No comments:

Post a Comment