Source : moeshinn
ယောင်္ကျားလေးတွေက ခပ်ချောချော၊ ချစ်စရာကောင်မလေးတွေကို စိတ်ဝင်စားလေ့ ရှိပါတယ်။ ကောင်မလေးတွေရောသင့်ဆီက ဘာကိုစိတ်ဝင်စားမယ်လို့ ထင်ပါသလဲ? ယောင်္ကျားလေးအများစုက ကောင်မ လေး တွေအထင်ကြီးတာကို လိုချင်တတ်ကြပါတယ်။ ဒါပေမယ့် အလွန်အကျွံကြွားဝါနေတဲ့ယောင်္ကျားလေးတွေကိုကောင်မလေးတွေသဘောကျမှာမဟုတ်ပါဘူး။ လေ့လာတွေ့ရှိမှုစစ်တမ်းတွေအရကောင်မလေးတွေအလို
ချင်ဆုံးယောင်္ကျားလေးတစ်ယောက်ရဲ့ အရည်အချင်း(၅)ခုကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှု (confidence)
ကိုယ့်ကိုယ်ကိုယုံကြည်မှုအားကောင်းတဲ့ ယောင်္ကျားလေးတွေကို ကောင်မလေးတွေက သဘောကျတတ်
ကြပါတယ်။ သင့်ကိုတစ်ချက်ကြည့်ရုံနဲ့လည်း သင့်မှာ confidence ရှိမရှိသူတို့က ဆုံးဖြတ်တတ်ကြပါတယ်။
စစ်တမ်းတွေအရတော့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ယောင်္ကျားတွေနားမှာ ပိုမိုလုံခြုံမှု
ကိုခံစားရပါတယ်တဲ့။
(၂) အောင်မြင်မှု
အောင်မြင်မှုဆိုပေမယ့် ဘေလ်ဂိတ်တို့ စတိဗ်ဂျော့တို့လို ရှန်းရှန်းးတောက်အောင်မြင်တာကိုပြောတာမျိုး
မဟုတ်ပါဘူး။ သင်လုပ်နေတဲ့ နယ်ပယ်တစ်ခုမှာ ထူးထူးချွန်ချွန်ရှိတာကိုပြောတာပါ။ တူနှစ်ကိုယ် တဲအိုပျက်
မှာနေနိုင်တယ်ဆိုတဲ့သူက တစ်ရာမှာတစ်ယောက်လောက်ပဲရှိပါတော့တယ်။ ဒါကလည်း ယုတ္တိတော့ရှိပါ
တယ်။ ဒါကြောင့် လတ်တလော မအောင်မြင်နေရင်တောင် တစ်ချိန်ချိန်အောင်မြင်ရမယ်ဆိုတဲ့ စိတ်မျိုးနဲ့
ကြိုးစားနေမှုကိုလိုလားကြပါတယ်။
(၃) ယဉ်ကျေးမှု၊ အမူအရာသိမ်မွေ့မှု၊ အလိုက်သိမှု
သူထိုင်ဖို့ခုံလေးဆွဲပေးတာ၊ သူဝင်မယ့်ကားတံခါးကိုဖွင့်ပေးတာ စသဖြင့်အသေးအဖွဲအမူအရာများကိုလည်း
မိန်းကလေးများက ဂရုတစိုက်အမှတ်ပေးတတ်ကြပါတယ်။ နှင်းဆီးပန်းတစ်စည်းကလည်း အခုအချိန်အထိ
မိန်းကလေးတွေအတွက် မရိုးသေးပါဘူး။ သင့်အနေနဲ့တော့ ဒီအသေးအဖွဲလေးတွေကို လျော့တွက်ချင်လျော့ တွက်ပါလိမ့်မယ်။ ဒါပေမယ့် သူမအတွက်တော့ မင်းသမီးလေးတစ်ပါးလိုဆက်ဆံခံနေရတယ်လို့ ယူဆနေတာပါ။ အခြားသူတွေကိုလည်း လေးစားသမှုနဲ့ သူမရှေ့မှာ ဆက်ဆံသင့်ပါတယ်။ မိန်းကလေးတွေက သင်သူတို့ကိုဆက်ဆံပုံကိုပဲကြည့်တာမဟုတ်ပါဘူး။ သင်အခြားသူတွေကိုရော ဘယ်လိုဆက်ဆံလည်းဆိုတာကိုပါကြည့်တတ်ကြပါတယ်။
(၄) သူမအတွက်လုံခြုံစိတ်ချရမှု
အဲ့ဒိအတွက် အာနိုးလောက်ခန္ဓာကိုယ်ကြီးရှိဖို့လည်းမလိုပါဘူး။ သူ့အတွက် နေရာတကာရှေ့ကနေပေးရဲတဲ့
စိတ်ဓာတ်ရှိရင်ရပါပြီ။ အဲ့ဒိစိတ်ဓာတ်ကို အားနိုးထက်ပိုအားကိုးပါလိမ့်မယ်။ အောင်မြင်ပြီး ဝင်ငွေကောင်းတဲ့
မိန်းကလေးမျိုးတွေတောင် သူတို့ကိုဂရုတစိုက်ရှိပြီး ကာကွယ်ပေးနိုင်တဲ့သူမျိုးကို သဘောကျကြပါတယ်။
(၅) ဟာသဥာဏ်ရှိမှု
မိန်းကလေးတိုင်း ရယ်ရတာကိုနှစ်သက်ကြပါတယ်။ ယောင်္ကျားလေးတွေထက်ကိုပိုပြီးနှစ်သက်လေ့ရှိကြပါ
တယ်။ ဟာသဥာဏ်ရှိခြင်းက ရှိုးတိုးရှန်းတန်းဖြစ်နေခြင်းကို ဖြိုခွဲဖို့အကောင်းဆုံးလက်နက်ပါပဲ။ လူသားတွေ
ဟာ အတူတူရယ်မောတဲ့အခါ ပိုမိုရင်းနှီးမှုကိုခံစားကြလေ့ရှိပါတယ်။ မိန်းကလေးတွေဟာ သူတို့ကိုရယ်မော
ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့သူတွေကိုလည်း သတိတရရှိတတ်ကြပါတယ်။
အထက်ပါအချက်တွေကတော့ လေ့လာတွေ့ရှိမှုတွေအရဖြစ်ပြီး ကျွန်တော့်ဘာသာရေးထားခြင်းမဟုတ်ပါ။
မှန်မမှန်တော့ မိန်းကလေးများသာပိုမိုသိနိုင်မှာပါ။
မိုးရှင်း (I.M.T)
Ref: amerikanki
No comments:
Post a Comment