Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Saturday

မေးခွန်းမေးရဲပါစေ။

raised-hands

Source : moeshinn

မြန်မာတွေဆီမှာတွေ့ရလေ့ရှိတဲ့သိပ်မကောင်းလှတဲ့ အကျင့်တစ်ခုကိုပြပါဆိုရင်တော့မေးခွန်း မမေးရဲခြင်း
ပါပဲ။ ဒါကလည်းအပြစ်ပြောတာမဟုတ်ပါဘူး။ နိုင်ငံရဲ့ပညာရေးစနစ်ကြောင့် ငယ်ငယ်ကတည်းက အတန်း
ထဲမှာမေးခွန်းမေးခွင့်မရခဲ့ပါဘူး။ ကျောင်းကပေး တဲ့ စာမှန်သမျှကို နှုတ်တိုက်ကျက် အလွတ်ပြန်ဖြေ၊ ကျူရှင်
တက်တဲ့သူက မေးခွန်းကြိုရ၊ ဒါတွေက မြန်မာတွေအတွက် မိတ်ဆက်စရာမလိုတဲ့ အမှန်တရားတွေပါ။
ဒါပေမယ့် ယခုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာပြီး
နိုင်ငံခြားသားများနဲ့အလုပ်တွဲလုပ်ရတဲ့ အခါ
မှာတော့ဒီအမူအကျင့်တွေက ဒုက္ခပေးပါတော့တယ်။ နိုင်ငံခြားသားတွေက Any Question? လို့မေးတဲ့အချိန်မှာ ဘာမေးခွန်းမှမမေးရဲ (သို့မဟုတ်) ဘာမေးခွန်းမှ မေးစရာမရှိတဲ့ မြန်မာတွေကို မြင်ရတဲ့အခါမှာတော့
စိတ်မကောင်းဖြစ်မိပါတယ်။

ဘာလို့ Any Question? လို့မေးတာလဲ?

နိုင်ငံခြားသားတွေကို ဒီမေးခွန်းကိုမေးရတာဟာသင့်ကိုရစ်ချင်လို့လည်းမဟုတ်ပါဘူး။သူပြောသွားတာတွေကို နားမလည်ခဲ့ရင် ပြန်မေးနိုင်ဖို့အခွင့်အရေးပေးတာပါ။ ဒါမှမဟုတ် အခြားသိချင်တာတစ်ခုခုရှိရင်လည်း မေးနိုင်အောင် ဒီမေးခွန်းကို မေးတာပါ။ နောက်တစ်ချက် သင့်ရဲ့ထင်မြင်ချက်၊ သင့်ရဲ့ယူဆချက်တွေကိုလည်း လေးစားလို့ပါ။ သင်က မေးခွန်းတစ်ခုမှပြန်မမေးဘူးဆိုရင် သူပြောခဲ့တာတွေကို သင်နားမလည်ခဲ့ဘူးလို့ သူတွက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် မေးခွန်းမေးတတ်အောင် အလေ့အကျင့်လုပ်ပါ။

ဘာတွေမေးမလဲ?

ဒီနေရာမှာ အချို့ကမေးခွန်းမေးရဲကြပါတယ်။ ဒါပေမယ့် ဆိုးတာက မေးခွန်းကောင်း မမေးတတ်တာပါပဲ။
သူများပြောသွားပြီးသား ရှင်းလင်းနေတဲ့အရာကြီးကို ပြန်မေးတတ် ကြပါတယ်။ ဒါက သူပြောတုန်း သေချာနားမထောင်ခဲ့တဲ့ပုံစံပေါက်နေပါတယ်။ အကယ်၍ သင်သာသေသေချာချာနားထောင်ခဲ့ရင် မေးခွန်းဆိုတာ အမြဲရှိပါတယ်။ ဒါကြောင့် သူများပြောနေတဲ့အချိန်မှာ သေသေချာချာနားထောင်ပါ။ ဘာသာစကား အခက်အခဲကြောင့် အချို့နေရာတွေ နားမလည်လိုက်ရင် ပြန်မေးနိုင်ပါတယ်။ အသေအချာနားမလည်ပဲနဲ့ ခေါင်း
ညိတ်လိုက်လို့ ဒုက္ခရောက်ခဲ့တဲ့သူတွေ တွေ့ဖူးလို့ပါ။

မေးခွန်းမေးရင် ဘာအကျိုးကျေးဇူးရှိမလဲ?

မေးခွန်းမေးခြင်းအားဖြင့် သင်ဟာ သူများပြောတဲ့စကားကို အာရုံစိုက်ကြောင်းသိသာ စေပါတယ်။ စိတ်ဝင်စားကြောင်းပြသနိုင်ပါတယ်။ မေးခွန်းပြန်မေးခြင်းကြောင့် နားလည်မှုလွဲခြင်းဆိုတဲ့ အခက်အခဲကိုလည်း ရှောင်ရှားနိုင်ပါတယ်။ သင့်မေးခွန်းတွေ ကသာ ပါးပါးနပ်နပ်ရှိတယ်ဆိုရင် သင့်ကိုအထက်လူကြီးက မကြာခင် သဘောကျ သတိထားမိလာပါလိမ့်မယ်။ မေးခွန်းမေးတယ်ဆိုရာ ကြောက်စရာမဟုတ်လို့ အရင်ကမမေးခဲ့လည်းအခုကစပြီး မေးခွန်းမေးရဲကြပါစေ။ သင့်ပတ်ဝန်းကျင်မှာ မေးခွန်းမေးတတ်တဲ့ကလေးတွေရှိရင်လည်း
ဘယ်တော့မှ မဆူပါနဲ့။ သူတို့ကို မေးခွန်းမေးတတ်တဲ့အလေ့အကျင့်ရှိပါစေ။

မိုးရှင်း (I.M.T)

No comments:

Post a Comment