Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Saturday

လူမှုကွန်ရက်တွင် မြန်မာပရိသတ်နှင့် ရင်းနှီးသူ ကိုရီးယား ဒီဂျေပညာရှင် DJ Soda မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်


Credit : eleven
လူမှုကွန်ရက်တွင် မြန်မာပရိသတ်နှင့် ရင်းနှီးပြီးသူဖြစ်သည့် ကိုရီးယားဒီဂျေပညာရှင် DJ Soda သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၃၁ ရက်တွင် လာရောက်ဖျော်ဖြေရန်စီစဉ် ထားသည်ဟု သတင်းရရှိသည်။DJ Soda ၏ ပြေပြစ်လှပသည့် ခန္ဓာကိုယ်နှင့် ချောမောလှပသည့် ရုပ်ရည်ကြောင့် လူမှုကွန်ရက်တွင် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ကာ မြန်မာပရိသတ်အများအပြားကလည်း အားပေးနေသူတစ်ဦးဖြစ်သည်။ ယခုအခါ DJ Soda က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် DJ Soda  နှင့် အတူ ထိုင်းဒီဂျေပညာရှင်နှစ်ဦးဖြစ်သည့် Zuper L နှင့် DJ Paka တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရှိ Member Club ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ DJ Soda ကို ဖိတ်ဖြစ်တဲ့ အဓိကရည်ရွယ်ချက်က သူက အွန်လိုင်းမှာလည်း လတ်တလောခေတ်စားနေတဲ့သူ တစ်ယောက်ဖြစ်တယ်။ ကိုရီးယားမှာဆိုရင်လည်း သူ့ကိုအားပေးတဲ့ကြိုက်တဲ့သူတွေ များတယ်။ ဒါကြောင့် သူ့ကို ဖိတ်ခေါ်ပြီး ဖျော်ဖြေစေဖို့ စီစဉ်ဖြစ်တာပါ။ နောက်ထပ် ထိုင်းဒီဂျေပညာရှင်နှစ်ယောက်ကိုလည်း တစ်ခါတည်း ဖိတ်ခေါ်ထားပါတယ်။ သူတို့နှစ်ယောက်ကလည်း ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ ဒီဂျေပညာရှင်တွေပါ။ ဒါကြောင့် ကြည့်ရတဲ့ ပရိသတ်တွေအတွက် တန်အောင်တင်ဆက်ပေးမယ့် ဖျော်ဖြေမှုပါ”ဟု အဆိုပါဖျော်ဖြေပွဲအား စီစဉ်သည့် ကိုတက်နေထူးက ရှင်းပြသည်။
DJ Soda အပါအ၀င် ဒီဂျေပညာရှင် သုံးဦး၏ ဖျော်ဖြေပွဲလက်မှတ်များကို ကြိုတင်လက်မှတ် ကျပ်ငါးသောင်း၊ ပွဲရက်တွင် ကျပ်ခြောက်သောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။Execulsive Table Package အဖြစ်လည်း ငွေကျပ်ငါးသိန်းခွဲဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ DJ Soda အပါအ၀င် ဒီဂျေပညာရှင် သုံးဦး၏ ဖျော်ဖြေပွဲကို ဇူလိုင် ၃၁ ရက် ည ၈ နာရီ တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ DJ Soda သည် ကိုရီးယားနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံများတွင်ပါ လှည့်လည်ဖျော်ဖြေခွင့်ရရှိနေသည့် ထင်ရှားသော အမျိုးသမီးဒီဂျေပညာရှင်တစ်ဦး ဖြစ်သည်။ 
DJ Soda အပါအ၀င် ဒီဂျေပညာရှင်သုံးဦး၏ အစောပိုင်းဖျော်ဖြေပွဲလက်မှတ်များကို အင်တာနက်မှတစ်ဆင့် ကြော်ငြာ၍ ရောင်းချလျက်ရှိရာတွင်Execulsive Table Package မှာ အကုန်နီးပါး ရောင်းချရပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အစောပိုင်း လက်မှတ်ဈေးနှုန်း ငွေကျပ်ငါးသောင်းဖြင့် အကန့်အသတ်ဖြင့်သာ ၀ယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ Table Package အတွက်မှာမူ ၀ယ်ယူရရှိနိုင်ရန် အခွင့်အလမ်းနည်းပါးနေပြီဖြစ်ကြောင်း သိရသည်။ 
DJ Soda သည် မြန်မာပရိသတ် စိတ်ဝင်စားမှုခံရသောကြောင့် ဖျော်ဖြေပွဲလက်မှတ်များမှာ ရက်ပိုင်းအတွင်း ၀ယ်ယူမှုများပြားခဲ့သည်။ 
 
Writer: 
လင်းလင်းခိုင်

No comments:

Post a Comment