Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Thursday

ဆွေမျိုးတော်လျင် မပေါင်းဖက် သင့်သည့် အကြောင်း


ဆွေမျိုးသားချင်းတွေ အချင်းချင်း ပြန်ယူခြင်းကို အင်္ဂလိပ်လိုဆိုရင် Cousin Marriage လို့ခေါ်ပါတယ်။ မောင်နှမ တစ်ဝမ်းကွဲကို ပြန်ယူခြင်းကို ကမ္ဘာ့ရဲ့ ၅၃ ရာခိုင်နှုန်းလောက်က ပိတ်ပင်ထားပေမယ့် ၄၇ ရာခိုင်နှုန်းလောက်က ခွင့်ပြုထားတာကြောင့် ကမ္ဘာမှာ မင်္ဂလာဆောင်မှုရဲက ဆယ်ပုံပုံစ တစ်ပုံဟာ Cousin Marriage တွေ ဖြစ်နေပါတယ်။
ယင်းဟာ မကောင်းပါဘူး။ ဘာသာရေး ရှုထောင့်ကနေ ကြည့်ရင် အငြင်းပွားစရာ ရှိသလို ဆေးပညာအရ ကြည့်ရင်လည်း မပေါင်းသင့်တဲ့ အကြောင်းတွေ ရှိနေပါတယ်။ ဆေးပညာပေမယ့် လူတိုင်း နားလည်အောင် ရှင်းပြရရင် Genes (မျိုးရိုးဗီဇ) အလားတူတဲ့ လူနှစ်ဦး ယူမယ်ဆိုရင် မြုပ်နေတဲ့ ရောဂါမျိုးရိုးဗီဇတွေရှိနိုင်တာကြာင့် ကလေးရတဲ့အခါ ကလေးမှာ စိတ်မနံ့ခြင်း၊ ကျပ်မပြည့်ခြင်း အပြင် အခြား ထင်မှတ် မထားတဲ့ ဗီဇချို့တဲ့တဲ့ ရောဂါ မျိုးစုံ ဖြစ်နိုင်ပါတယ်။အဓိကကတော့ ဆွေမျိုးတော်စပ်သူတွေဟာ Genes လို့ခေါ်တဲ့ မျိုးရိုးဗီဇတွေခပ်ဆင်ဆင်တွေဖြစ်နေပါတယ်။ ဒါကြောင့်မြုပ်နေတဲ့ဗီဇရောဂါရှိနေတာချင်းလဲတူနိုင်ပါတယ်။ သူတို့ကိုယ်တိုင်မှာတော့ ဒီရောဂါတွေဟာ လက္ခနာမပြတတ်ပဲ အချင်းချင်းယူလိုက်ကြမယ်ဆိုရင်တော့ နောက်မျိုးဆက်မှာ မြုပ်နေတဲ့ဗီဇနှစ်ခုပေါင်းစပ်ပြီးရောဂါလက္ခနာတွေပေါ်လာတတ်ပါတယ်။ ဒါဟာပုံသေ မဟုတ်ပါဘူး။ ရောဂါဖြစ်နိုင်ချေရာခိုင်နှုန်းကို ဆရာဝန်တွေနဲ့တွက်ချက်နိုင်ပါတယ်။ ရောဂါဖြစ်နိုင်ချေရာခိုင်နှုန်းဟာပုံမှန်ဖြစ်ဖို့ရာခိုင်နှုန်းထက်နည်းပါတယ်။ ဒါကြောင့်မို့လည်း cousin marriage ကို အရှေ့အလယ်ပိုင်းဒေသ တို့မှာ အများဆုံး ဆက်လက် မြင်တွေ့နေရခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ အိမ်ထောင်ပြုတဲ့ အခါ ဆွေမျိုး မဟုတ်လေ ကောင်းလေလေ ဖြစ်ပြီး မဖြစ်မနေ ယူပြီ ဆိုရင်တောင် အနည်းဆုံး ၇ ဝမ်းကွဲလောက် အထိ ဝေးရင် genetic risk ပိုနည်းနိုင်ကြောင်း ဆိုပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment