Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Saturday

ဥပဒေကို တရားဝင်ချိုးဖောက်ခွင့်ရသူများ၏ လက်ထဲတွင် ဥပဒေကြောင်းအရ ရင်ဆိုင်နေရသည်မှာ ၀မ်းနည်းစရာကောင်းကြောင်း သုံးကြိမ်မြောက် ရုံးထုတ်တွင် ရေပူဆရာတော် ပြောကြား


Source : Eleven

ပုဒ်မသုံးခုဖြင့် လူဝတ်လဲ ဖမ်းဆီးခံထားရသော မိုးကုတ်မြို့ ရေပူဆရာတော်က ဥပဒေကို တရားဝင်ချိုးဖောက်ခွင့်ရသောလူများ၏ လက်ထဲတွင်  ဥပဒေကြောင်းအရ  တရားရင်ဆိုင်နေရသည်မှာ ၀မ်းနည်းစရာကောင်းကြောင်း ဇူလိုင် ၁၇ ရက် နံနက်ပိုင်း သုံးကြိမ်မြောက်ရုံးထုတ်တွင် ပြောကြားသည်။
ရေပူဆရာတော် သုံးကြိမ်မြောက် ရုံးထုတ်ကို ဇူလိုင် ၁၇ ရက် နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ပြုလုပ်ခဲ့ပြီး ဆရာတော်အား လာရောက်တွေ့ဆုံသည့် မိုးကုတ်မြို့ဒေသခံများ နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုအချိန်အထိ  အမှုနဲ့ပတ်သက်ပြီး ဘာတစ်ခုမှကို မစစ်သေးဘူး။ တရားဥပဒေနဲ့ ပတ်သက်ပြီးပြောရရင် တရားဥပဒေကို တရားဝင်ချိုးဖောက်ခွင့်ရထားတဲ့ သူတွေရဲ့လက်ထဲမှာ
 တရားဥပဒေလမ်းကြောင်းအရ ရင်ဆိုင်နေရတာ  အင်မတန်မှကို  ၀မ်းနည်းစရာကောင်းတယ်။ ဒီအမှုကိစ္စကို ကြည့်မယ်ဆိုရင် တစ်ဦးတစ်ယောက်ရဲ့ ဖိအားကြောင့်ဆိုတာ အထူးပြောစရာမလိုဘူး။ စေတီကို ရှင်းလင်းလို့ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲမယ်ဆိုရင်  ခွင့်ပြုချက်ပေးခဲ့တဲ့  သံဃနာယကကို အရင်မစွဲဘဲ ဘုန်းကြီးကို အရင်တရားစွဲတယ်။ နောက်တစ်ချက်က ဘုန်းကြီး လူဝတ်မလဲချင်တာကို ဇွတ်အတင်းအဓမ္မ လူဝတ်လဲ ဖမ်းဆီးတယ်။ သံဃာကို အဲဒီလိုလုပ်တဲ့သူတွေကိုကျ သာသနာညှိုးနွမ်းစေမှု မမြောက်ဘူးလားလို့ မေးချင်တယ်။ ဥပဒေတွေက ပြောင်းပြန်တွေ ဖြစ်နေတယ်” ဟု ပြင်ဦးလွင်ခရိုင်တရားရုံးမှ ပြန်အထွက်တွင် ရေပူကျောင်းဆရာတော်က ပြောကြားသည်။
ရေပူကျောင်းဆရာတော်အား   ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ဇူလိုင် ၇ ရက်က ပထမအကြိမ်  ပြောင်းရွှေ့ရုံးထုတ်စဉ် လာရောက် တွေ့ဆုံသူများနှင့် တွေ့ဆုံခွင့်မပေးသည့်အပြင် ရုံးထုတ်မှုကို တရားရုံးတံခါးပိတ်၍ ပြုလုပ်ခဲ့သော်လည်း  ယခုအကြိမ်ရုံးထုတ်ရာတွင် ဒေသခံများနှင့်တွေ့ဆုံခွင့်ပေးခဲ့ကြောင်း သိရသည်။
 “အခုတစ်ခေါက်ရုံးထုတ်က ပြီးခဲ့တဲ့ ရုံးထုတ်ထက် အဆင်ပြေပါတယ်။  အရင်တစ်ခေါက်က တရားရုံးပိတ်ထားတဲ့အတွက် အမှုလိုက်ဖို့ တရားသူကြီးဆီမှာ ပါဝါတင်ချိန် မရခဲ့ဘူး။ ဒီတစ်ခေါက် လုံခြုံရေးကိုလည်း စနစ်တကျ လုပ်ပေးတယ်။ ဒီတစ်ခေါက် ပါဝါတင်ပြီး အမှုတွဲဖိုင်တွေ တင်ခဲ့တယ်။ ဆရာတော်ကို သာသနာညှိုးနွမ်းစေမှုနဲ့ သစ်တောပုဒ်မတွေအတွက် သူတို့ဘက်က ရုံးပြောင်းလျှောက်ထားတယ်လို့ သိရတယ်” ဟု ဆရာတော်အမှုကိစ္စအား  လိုက်ပါအကျိုးဆောင်သူ ရှေ့နေ ကိုဆန်းထွန်းအောင်က ပြောကြားသည်။
ရေပူကျောင်းဆရာတော်အား သာသနာညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုနှင့် သစ်စုပုံမှုတို့ဖြင့် လူဝတ်လဲ ဖမ်းဆီးထားရှိပြီး ဆရာတော်နှင့်အတူ အရပ်သားလေးဦးအား ကျောက်မျက်တူးဖော်မှုဖြင့် တရားစွဲဆို ဖမ်းဆီးထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်အား  တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်းအပါအ၀င် စေတီများဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့်လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပက်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ) အရလည်းကောင်း၊  သစ်စုပုံထားခြင်းနှင့်  ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ) ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း၊ ရေပူကျောင်းဆရာတော်ကို  ဇွန်  ၂၃  ရက်  နံနက်ပိုင်းက  မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှုပြုလုပ်ခဲ့ပြီး  ဒုတိယအကြိမ်ရုံးထုတ်မှုကို  ဇူလိုင်  ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ရုံးထုတ်ခဲ့ကြောင်း၊  ထပ်မံ၍ လေးကြိမ် မြောက်ရုံးထုတ်မှုကို ဇူလိုင် ၂၇ ရက်တွင် ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်က  ရေပူကျောင်းဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှစတင်၍ ယနေ့အချိန်အထိ  မန္တလေးအိုးဘိုအကျဉ်းထောင်သို့  ပြောင်းရွှေ့ထားရှိကြောင်း  သိရသည်။
Writer: 

အောင်သူ

No comments:

Post a Comment