Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Friday

မက်ဆာချူးဆက် ကမ်းခြေတွင် သောင်တင်နေသည့် ငါးမန်းဖြူကြီးကို လူအများ စုပေါင်းပြီး ကယ်တင်


Source : 7 day daily

ကမ်းခြေတွင် ငါးမန်းတွေ့ရှိသော ကိစ္စသည် အများအားဖြင့် သွေးထွက်သံယို၊ သို့မဟုတ် သတင်းဆိုး တစ်ခုခုကို သယ်ဆောင်လာလေ့ ရှိသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက် ကမ်းခြေ တစ်ခုသို့ ငါးမန်းဖြူကြီးတစ်ကောင် ရောက်ရှိခဲ့မှုမှာမူ ပျော်စရာဖြင့် အဆုံးသတ်သည့် ဇာတ်လမ်းမျိုး ဖြစ်လာသည်။


ဇူလိုင် ၁၄ ရက်က မက်ဆာချူးဆက်ရှိ ချတ်သမ် ကမ်းခြေသို့ လာရောက် လည်ပတ်သူများသည် နယ်ကျော်ပြီး သောင်တင်နေသည့် ငါးမန်းဖြူကြီး တစ်ကောင်ကို တွေ့ရှိခဲ့ကြသည်။ လူအများကို တိုက်ခိုက်လေ့ရှိသည့် နာမည်ဆိုးဖြင့် ကျော်ကြားသော မျိုးစိတ်ဝင် ငါးမန်းကြီးသည် ထိုအချိန်တွင် အသက်ရှူ ကျပ်နေပြီး အပြင်းအထန် ရုန်းကန်နေရရှာသည်။
အမေရိကန်နိုင်ငံ၊ ကာရိုလိုင်းနားဒေသတွင် ယခုနှစ်အတွင်း ငါးမန်း တိုက်ခိုက်မှု ၁၀ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး တစ်ပတ်အတွင်း ဆယ်ကျော်သက် လူငယ် ၂ ဦး ခြေလက်များ ဆုံးရှုံးသည်အထိ ဆိုးရွားသော ဖြစ်ရပ်များ ပါဝင်ခဲ့သည်။ သို့သော်လည်း ချတ်သမ် ကမ်းခြေသို့ ရောက်ရှိလာသူများကမူ အဆိုပါ ကိစ္စများကြောင့် ငါးမန်းဖြူကြီးကို ရန်သူသဖွယ် သတ်မှတ်ခြင်း မပြုခဲ့ကြချေ။
၎င်းတို့သည် မလှုပ်ရှားနိုင်လောက်အောင် အားပြတ်နေသည့် ငါးမန်းဖြူကြီး ပါးစပ်ထဲသို့ ပင်လယ်ရေများ စုပ်သွင်းပေးကာ အသက်ရှူနိုင်အောင် ဝိုင်းဝန်းကူညီကြသည်။ ထို့နောက်တွင်မူ ကြိုးများဖြင့်ဆိုင်းပြီး ငါးမန်းကြီးကို လှေငယ် တစ်စင်းဖြင့် ဆွဲခေါ်ကာ ပင်လယ်ဘက်သို့ ခေါ်ထုတ်သွားခဲ့သည်။ 
“သူ့အခြေအနေ တော်တော်ဆိုးနေတာကို ကျွန်မတို့ သတိထားမိတယ်။ ဒါကြောင့် သူ့ပါးဟက်တွေကို ရေသွင်းပေးပြီး အသက်ရှူနိုင်အောင် ဝိုင်းကူညီကြတာပါ။ ဒါမှ သူအသက်ဆက်နိုင်မယ်လေ”ဟု ယခု ကယ်တင်မှုတွင် ပါဝင်ဦးဆောင်ခဲ့သူ အတ္တလန္တိတ် ငါးမန်းဖြူ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင် ဆင်သစ်ဝစ်ဂ်ရန်းက ပြောကြားခဲ့သည်။
ငါးမန်းကြီးသည် ရေထဲသို့ ချကာစတွင် မလှုပ်ရှားနိုင်ဘဲ ပေါလောမျောနေခဲ့သေးသည်။ “သူ အသက်မရှင် နိုင်တော့ဘူးလားလို့ ကျွန်မတို့ တထိတ်ထိတ် စောင့်ကြည့်ခဲ့ပါသေးတယ်။ အဲဒီအချိန်တွေက တကယ့်ကို ပင်ပန်းလွန်းတယ်”ဟုလည်း ဝစ်ဂ်ရန်းက ဆိုသည်။
အဆုံးတွင်တော့ ငါးမန်းဖြူကြီးသည် ဆိုင်းကြိုးများထဲမှ ရုန်းထွက်ကာ ပင်လယ်ဘက်သို့ ကူးခတ် ထွက်ခွာသွားပြီး ကယ်ဆယ်ရေး အဖွဲ့များကလည်း ကောင်းချီးပေး အောင်ပွဲခံခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်မှု လုပ်ငန်းကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုသည်လည်း အင်တာနက်တွင် လူပြောများခဲ့သည်။
မက်ဆာချူးဆက် ငါးလုပ်ငန်း ဌာနက ငါးမန်းကြီး၏ ကိုယ်ပေါ်တွင် ၎င်းလှုပ်ရှားသွားလာမှုကို မှတ်တမ်းတင် ခြေရာခံနိုင်သည့် ကိရိယာငယ်လေးတစ်ခု တပ်ဆင်ပေးလိုက်ပြီး ယခုသီတင်းပတ်ကုန်တွင် အချက်အလက်များ စတင်လက်ခံ ရရှိမည်ဟု ခန့်မှန်းထားသည်။ 

No comments:

Post a Comment