Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Thursday

ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ဘယ်လိုတည်ဆောက်မလဲ


လူတစ်ယောက်ရဲ့ နာမည်ကြားလိုက် ပြီဆိုရင် သူ့ရဲ့ နာမည်နဲ့အတူ သူ့ရဲ့ ဂုဏ်သတင်းကိုပါ အနည်းနဲ့အများ စဉ်းစားလိုက်ကြပါတယ်။ သူက ဘယ်ကဏ္ဍမှာ ထူးချွန်သူလဲ။ အိုင်ဒီယာကောင်းသူလား၊ ဆန်းသစ်တီထွင်တတ်သူလား၊ ဉာဏ်ပညာကြီးမားသူလား၊ အောင်မြင်သူလား၊ ကျရှုံးသူလား၊ ရည်မှန်းချက်ကြီးမားသူလား စသဖြင့် ယေဘုယျတွေးမြင်တတ်ကြပါတယ်။ ကိုယ်က ဘယ်အချင်းအရာအပေါ် မှာ ရပ်တည်နေပါသလဲ၊ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာတွေကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

 ကိုယ်ပိုင်နာမည် အမှတ်တံဆိပ်

 နာမည်တစ်ခုပြောလိုက်တာနဲ့ "ဒီလူ ကတော့ လူတော်တစ်ယောက်ပါ" ဒါမှ မဟုတ် "ဟာ..ဒီလူကတော့ အင်မတန် ဆိုးတဲ့သူတစ်ယောက်ပါကွာ" စတဲ့ မှတ် ချက်အမျိုးမျိုးက ကိုယ်တည်ဆောက်ရယူ ထားတဲ့ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းပါပဲ။
 ကိုယ်ကိုယ်တိုင်သာ ကိုယ့်ရဲ့ နာမည် ဂုဏ်သတင်းကို ကိုယ်တိုင်တံဆိပ်ခတ်နှိပ် ကြတာပါ။ ဆိုးတဲ့လူပဲဖြစ်ဖြစ်၊ ကောင်းတဲ့ 
သူပဲဖြစ်ဖြစ်၊ အောင်မြင်တဲ့သူပဲဖြစ်ဖြစ်၊ ကျရှုံးတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ နာမည်၊ ကိုယ့်ရဲ့ ဂုဏ်သတင်းကို ကိုယ်တိုင်တည် ဆောက်ကြရပါတယ်။ ကိုယ်စိုက်ပျိုးခဲ့သမျှ အချိန်တန်ရင် ကိုယ်တိုင်ပဲ ရိတ်သိမ်းကြရ တာက ထုံးစံတစ်ခုပါ။
 ကိုယ်က အများအမြင်မှာဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ရဲ့အမြင်မှာ ဘယ်လိုလူတစ် ယောက်အဖြစ် ရှင်သန်
ရပ်တည်ချင်ပါ သလဲ။ အထက်ပါပြောခဲ့တဲ့ အချက်တွေ ထဲကအတိုင်း ကိုယ့်ကိုယ်ကိုယ်တည် ဆောက်ယူလို့ရနိုင်ပါတယ်။ ဘယ်အချက် တွေကတော့ ကိုယ့်ကိုယ်ကိုယ် နာမည် ကောင်း၊ ဂုဏ်သတင်းကောင်းနဲ့ ရပ်တည် နိုင်ဖို့ အကူအညီဖြစ်စေသလဲဆိုတာကို ဒီတစ်ပတ်မှာ မျှဝေပေးချင်ပါတယ်။

 ကိုယ့်ရဲ့ ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးကို ရောင်းပါ

 အမည်အမှတ်တံဆိပ်ဆိုတာက အ ခြေခံအားဖြင့်တော့ ကိုယ့်ရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးကို တစ်ယောက် ယောက်ကို ရောင်းတာပါပဲ။ အဲဒါက ကိုယ့် ရဲ့ အလုပ်ရှင်ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ရဲ့ ခေါင်းဆောင်

တစ်ယောက်ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်လေးစားတဲ့ သူတစ်ယောက်ဖြစ်ချင် ဖြစ်မယ်စတဲ့ တစ်စုံတစ်ဦးကို ကိုယ့်ရဲ့ ထူးခြားတဲ့ ပင်ကိုယ်စရိုက်တွေကို ရောင်း ချတာကလည်း ကိုယ့်ရဲ့နာမည်နဲ့ အမှတ် တံဆိပ်တစ်ခု 
ခတ်နှိပ်လိုက်တာပါပဲ။
 ဒီလူကတော့ ယုံကြည်ရတယ်၊ ဒီလူကတော့ မယုံကြည်ရဘူး၊ ဒီလူက တော့ ရိုးသားတယ်စတဲ့ တံဆိပ်အမျိုးမျိုး ကို ကိုယ့်ရဲ့အပြုအမူ၊ လုပ်ဆောင်ချက် တွေ၊ လှုပ်ရှားမှုတွေကတဆင့် ကိုယ့်ပတ် ဝန်းကျင်က လူတွေက ကိုယ့်ကိုနာမည် တံဆိပ်ခတ်နှိပ်ကြပါတယ်။

 လူတွေနဲ့ ပွင့်လင်းစွာ၊ သစ္စာရှိစွာဆက် သွယ်ပြောဆိုပါ

 ဒီအချက်ကလည်း ကိုယ့်ရဲ့ နာမည် ဂုဏ်သတင်းကို တည်ဆောက်ရာမှာအရေး ပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ လူအ များနဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေး၊ ခိုင်မြဲတဲ့ ဆက်ဆံရေး၊ ယုံကြည်ရတဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောက်ရယူဖို့ လိုအပ်ပါ တယ်။ အမြဲလိုလို ကိုယ်က တခြားသူတွေ အတွက် ဘာတွေလုပ်ပေးနိုင်မလဲ၊ တခြား သူတွေကကော ကိုယ့်ကို ဘာပြန်လုပ်ပေး နိုင်မလဲဆိုတာ ခွဲခြားသိမြင်ရပါမယ်။
 တစ်ခါတစ်ရံ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ မိတ်ဆွေ၊ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ပဲဖြစ်ဖြစ် ကိုယ့်အပေါ် 
ယုံကြည်နေတဲ့စိတ် ပျောက်ပျက်မသွားဖို့ အထူးအရေးကြီးပါ တယ်။ စီးပွားရေးလောကမှာလည်း ဒီ အတိုင်းပါပဲ။ ငွေရေးကြေးရေးသာ အဓိက ထားပြီး ကိုယ့်ရဲ့ နာမည်ဂုဏ်သိက္ခာကို ဂရုမစိုက်တဲ့ စီးပွားရေးသမားက ဘယ် တော့မှ မအောင်မြင်နိုင်ပါဘူး။ တစ်ကိုယ် ရေ တစ်ကာယကောင်းစားဖို့ ဘယ်သူ့ မျက်နှာမှမကြည့်တဲ့ သူမျိုးက စီးပွားရေး လောကမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်အတွင်း မှာပဲဖြစ် ဖြစ်၊ လူမှုဝန်းကျင်အသိုင်းအဝိုင်း မှာပဲဖြစ်ဖြစ် အများစုက ဖယ်ကြဉ်ကြပါ တယ်။ လူမသေခင် နာမည်သေနေကြတဲ့ သူတွေပါ။

 ကိုယ့်ရဲ့ အရည်အချင်းကို ကြော်ငြာပါ

 ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်း အမှတ် တံဆိပ်ကောင်းရှိဖို့ ကိုယ်ကိုယ်တိုင် လုပ်ယူ နိုင်ပါတယ်။ ကိုယ့်မှာ

 အောင်မြင်နိုင်မယ့် အလားအလာမရှိဘဲ၊ ကိုယ့်ရဲ့ အသက်မွေး ဝမ်းကျောင်းမှုပညာဖွံ့ဖြိုးတိုးတက်မှုမရှိဘဲနဲ့ တော့ ကိုယ့်ရဲ့နာမည်ဂုဏ်သတင်း အမှတ် တံဆိပ်ကောင်း မရရှိနိုင်ပါဘူး။
 ကိုယ်က အလုပ်လျှောက်သူတစ် ယောက်ဆိုရင် ကိုယ့်ရဲ့ အလုပ်လျှောက် လွှာမှာ ကိုယ့်ရဲ့အရည်အချင်းကို ကြော်ငြာ နိုင်ပါတယ်။ ကိုယ်က စီးပွားရေးသမား တစ်ယောက်ဆိုရင် ကိုယ့်ရဲ့ မိတ်ဖက်စီးပွား ရေးသ

မားတွေနဲ့ ယုံကြည်မှုတည်ဆောက် နိုင်တာ၊ အချင်းချင်းသစ္စာရှိတာစတဲ့ အချက်တွေနဲ့ ကိုယ့်ရဲ့ နာမည်
အမှတ် တံဆိပ်ကို ရယူနိုင်ပါတယ်။

 ကိုယ့်ရဲ့ အသက်မွေးမှုပညာမှာ ကျွမ်း ကျင်အောင်ကြိုးစားပါ

 ဒီအချက်ကလည်း ကိုယ့်ရဲ့အရည် အသွေး၊ ကိုယ့်ရဲ့ နာမည်ကို တည်ဆောက် ယူမှုမှာ အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါ တယ်။ လူတွေက ကိုယ့်နာမည်ကြားတာ နဲ့ ကိုယ့်ရဲ့ ကောင်းတဲ့ ဂုဏ်သတင်းကို တစ်ဆက်

တည်း စဉ်းစားမိကြစေဖို့အတွက် ကိုယ့်ဘက်က ထူးချွန်မှု၊ ရိုးသားမှု၊ အောင်မြင်မှု၊ ဆန်းသစ်တီထွင်မှုစတဲ့ ရိုး ဂုဏ်တစ်ခုခုတော့ ကိုယ့်မှာရှိရပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်ရောက်ရှိနေတဲ့ နယ်ပယ်မှာ ပဲဖြစ်ဖြစ်၊ ကိုယ်အသက်မွေးဝမ်းကျောင်း နေတဲ့ ပညာရပ်မှာပဲဖြစ်ဖြစ် ကျွမ်းကျင် အောင်၊ ထူးချွန်အောင်လုပ်နိုင်ဖို့ကလည်း လိုအပ်ပါတယ်။ လူအများရဲ့ အမြင်မှာ ကိုယ်ကသူလို ငါလို သာမန်လူတစ်ယောက်အဖြစ်ပဲ လူ အများရဲ့
အမြင်မှာ ရှင်သန်ရပ်တည်ချင် သလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ နာမည်ကြား လိုက်တာနဲ့ လူအများနဲ့ အသိအ
မှတ်ပြုမှု၊ လေးစားမှုနဲ့ ယုံကြည်မှုတို့ကို လိုချင်ပါ သလား။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ နာမည်အ မှတ်တံဆိပ်ကို ခိုင်ခံ့အောင်၊ တည်တံ့ အောင် ကိုယ့်ရဲ့ အသက်မွေးမှုပညာတစ်ခု ခုမှာ ထူးချွန်တဲ့လူတစ်ယောက်ဖြစ်ဖို့လို အပ်ပါတယ်။

 အတွေ့အကြုံတွေကို လေ့လာဆည်းပူးပါ

 ကိုယ့်ရဲ့ အတိတ်က အောင်မြင်မှု တွေနဲ့ လက်ရှိအောင်မြင်မှုတွေနောက်ကို ထပ်ချပ်မကွာလိုက်ပြီး အနာဂတ်မှာလည်း အဲဒီအတွေ့အကြုံတွေကတစ်ဆင့် အောင် မြင်မှုကို ရယူနိုင်အောင် ကြိုးစားပါ။ တ ကယ်လို့ 

အတိတ်မှာကျရှုံးတဲ့ အတွေ့အ ကြုံကြုံခဲ့ရတယ်ဆိုရင်လည်း အဲဒီအရှုံးက တစ်ဆင့် သင်ခန်းစာယူပြီး
 သင်ယူလေ့ လာနိုင်ပါတယ်။ အတွေ့အကြုံတွေကနေ လေ့လာရသမျှ ကိုယ့်ရဲ့ အောင်မြင်မှုတွေ က ကိုယ့်ကိုယ်ကိုယ်တည်ဆောက်မှုမှာ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းတည်ဆောက် မှုမှာ အခြေခံအုတ်မြစ်ဖြစ်လာ
စေပါတယ်။အလုပ်ခွင်မှာ ကိုယ့်အတွက်ကြီးမား တဲ့ စိန်ခေါ်မှုအသစ်တွေကလည်း ကိုယ့်ရဲ့ နာမည်ဂုဏ်သ
တင်းတည်ဆောက်မှုအတွက် အထောက်အကူပြုမယ့် အရာတွေအဖြစ် ရှိနေပါတယ်။

 ပညာရှိပါ

သက်မွေးမှုလုပ်ငန်းတော်တော်များ များမှာ ပညာက မရှိမဖြစ်လိုအပ်ပါတယ်။ ဉာဏ်ပညာပဲဖြစ်ဖြစ်၊ အတန်းပညာပဲဖြစ် ဖြစ်လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အသက်မွေး မှုပညာမှာ လိုအပ်တဲ့ ပညာရေးတွေကို ပြည့်စုံအောင်၊ ကျွမ်းကျင်အောင် တည် ဆောက်ယူကြရပါမယ်။ အဲဒီလိုတည် ဆောက်တဲ့နေရာမှာ ပညာရပ်ဆိုင်ရာ သင်တန်းတွေ၊ အသိအမှတ်ပြုလက်မှတ် တွေကလည်း ကိုယ့်ရဲ့ အသက်မွေးမှုပညာ ကို အထောက်အပံ့ဖြစ်
စေနိုင်တာကို အသိအမှတ်ပြုရပါမယ်။
 ပညာရေးနဲ့ ကိုယ့်ရဲ့ နာမည်ကောင်း တစ်ခု၊ ဂုဏ်သတင်းကောင်းတစ်ခုကို တည် ဆောက်ယူနိုင်ပါတယ်။ ကိုယ့်ရဲ့ အသက် မွေးမှုပညာအတွက် လိုအပ်တဲ့ ပညာရေး ကိုတော့ အချိန်နဲ့ ငွေကြေးကို ရင်းနှီးမြှုပ်နှံ ပြီး ရယူရပါလိမ့်မယ်။

 ကိုယ့်ရဲ့ နာမည်ကို ဘယ်လိုတံဆိပ်ကပ်မလဲ

 လူတိုင်းလူတိုင်းမှာ ကိုယ့်ရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာ နာမည်ဂုဏ် သတင်းကောင်း တစ်ခုတည်ဆောက်ဖို့ အခွင့်အရေးရ ကြပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်၊ ကိုယ်ရဲ့ ပြုမူ ဆောင်ရွက်ချက်တွေက ကိုယ့်ကိုဘယ် လိုလူမျိုးလဲဆိုတာ ပြောပြနေပါတယ်။ အဲဒီပြုမူဆောင်ရွက်ချက်တွေကတစ်ဆင့် တခြားသူတွေက ကိုယ့်ရဲ့ နာမည်ကို တံဆိပ်ကပ်ကြပါတယ်။
 ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ လုပ်ငန်းအပေါ်၊ ကိုယ့် ရဲ့ လုပ်ဖော်ကိုင်ဖက်အပေါ် 
သစ္စာရှိတာ၊ ယုံကြည်မှုရစေတာစတာတွေက သူတည် ဆောက်ရယူခဲ့တဲ့ နာမည်ဂုဏ်သတင်းပါပဲ။ ကိုယ်က ဝန်ထမ်းတစ်ယောက်ဆိုရင်လည်း လက်ရှိအလုပ်ကနေ ဒီထက်မြင့်တဲ့ တခြား အလုပ်တစ်ခုခုကို ပြောင်းတော့မယ်ဆိုပါ တော့။ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာမှာ လက်ရှိအလုပ်က ကိုယ့်ရဲ့ ခေါင်းဆောင်က ကြည်ကြည်ဖြူဖြူနဲ့ ထောက်ခံပေးနိုင် အောင်စွမ်းဆောင်ခဲ့တာက သူတည် ဆောက်ခဲ့တဲ့ နာမည်ဂုဏ်သတင်း တစ်ခု ပါ။ ဝန်ထမ်းတစ်ယောက်ကို ယုံယုံကြည် ကြည်နဲ့ ထောက်ခံပေးလိုက်နိုင်တာက အဲဒီဝန်ထမ်းတည်ဆောက်ရယူခဲ့တဲ့ နာ မည်ဂုဏ်သတင်းတစ်ခုကြောင့်ပါ။

credit to  ကျော့ကေခိုင် (အခွင့်အလမ်းဂျာနယ်)





No comments:

Post a Comment