Source : moeshinn
ယောင်္ကျားလေးတွေနဲ့နှိုင်းယှဉ်ရင် မိန်းကလေးတွေက စကားများတယ်၊ ပွင့်လင်းတယ် စသဖြင့်ဂုဏ်ပုဒ်အမျိုး
မျိုးနဲ့ လူသိများလေ့ရှိပါတယ်။ ယောင်္ကျားလေးတွေကတော့ စကားနည်းတယ်၊ သိုဝှက်တတ်တယ် စတဲ့ဂုဏ်
ပုဒ်တွေကို လူသိများလေ့ရှိပါတယ်။ ဒါပေမယ့် သိုဝှက်တတ်တာ ယောင်္ကျားလေးတွေချည်းပဲမဟုတ်ပါဘူး။
မိန်းကလေးတွေမှာလည်း သိုဝှက်တတ်တာလေးတွေရှိပါတယ်။ထိုသိုဝှက်ထားတဲ့အချက်တွေက
ခက်ခက်ခဲခဲ ကြီးတွေတော့မဟုတ်ပါဘူး။ဒါပေမယ့်ယောင်္ကျားလေးတွေအနေနဲ့ အဲ့ဒိလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခန့်မျိုးနဲ့ လူသိများလေ့ရှိပါတယ်။ ယောင်္ကျားလေးတွေကတော့ စကားနည်းတယ်၊ သိုဝှက်တတ်တယ် စတဲ့ဂုဏ်
ပုဒ်တွေကို လူသိများလေ့ရှိပါတယ်။ ဒါပေမယ့် သိုဝှက်တတ်တာ ယောင်္ကျားလေးတွေချည်းပဲမဟုတ်ပါဘူး။
မိန်းကလေးတွေမှာလည်း သိုဝှက်တတ်တာလေးတွေရှိပါတယ်။ထိုသိုဝှက်ထားတဲ့အချက်တွေက
မှန်းရာမှာတော့ ခက်ခဲလေ့ရှိပါတယ်။ ယောင်္ကျားလေးတွေကလည်း အဲ့ဒိအချက်တွေကြောင့်ပဲ မိန်းကလေးတွေ ကိုခန့်မှန်းရခက်တဲ့ အမျိုးလို့သတ်မှတ်လေ့ရှိကြပါတယ်။ သူတို့မပြောတဲ့ လျှို့ဝှက်ချက်လေးတွေက သုတေသနစစ်တမ်းတွေအရ အောက်ပါအချက်တွေပါတဲ့။ ဒီအချက်တွေက မိန်းကလေးအားလုံးအတွက်
မှန် လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် မိန်းကလေးတော်တော်များများအတွက် မှန်ကန်လိမ့်မယ်လို့တော့ ယူဆပါတယ်။
(၁) သူတို့ကသင့်ကိုဦးဆောင်စေချင်တယ်။
မိန်းကလေးတွေက အရာရာကိုလိုက်ပြီး သူတို့ကိုယ်တိုင်ဂရုစိုက်နေရတာကိုမကြိုက်ပါဘူး။ သူတို့ကပဲ အစပျိုး နေရတာကို မုန်းပါတယ်။ သူတို့ကယောင်္ကျားလေးတွေကို ဦးစီးဦးဆောင်ပြုစေချင်လေ့ရှိပါတယ်။ ဒီအကြောင်း ကိုသူတို့က နှုတ်ကတော့ပြောမှာမဟုတ်ပါဘူး။ သင်သူတို့အတွက် ခက်ခဲတဲ့အရာတွေကို ကူညီပေးတာမျိုး မထင်မှတ်ပဲသူ့ကို surprise ဖြစ်အောင်လုပ်တာမျိုးကိုအရမ်းသဘောကျကြပါတယ်။ အဲ့ဒိလို သင်ကအမြဲဂရု တစိုက်နဲ့ဦးစီးဦးဆောင်ပြုတဲ့အခါ သင်သူ့အပေါ်အာရုံစိုက်ပြီး၊ဂရုစိုက်တာကို ခံစားမိလာတတ်ကြပါတယ်။ ဘယ်လိုအသေးဖွဲမျိုးပဲဖြစ်ဖြစ် သူတို့အတွက်လုပ်ပေးပါ။ ဥပမာ ဈေးဝယ်တာ၊ ညစာပြင်ဆင်တာ၊ နောက်တစ် ပတ်အားလပ်ရပ်မှာတစ်နေရာရာသွားဖို့ စီစဉ်တာ စသဖြင့်ပေါ့။ ဦးစီးဦးဆောင်တယ်ဆိုတာ သူ့ကိုကူညီပေးချင် တဲ့စိတ်သက်သက်၊ သူ့ကိုသက်သာစေချင်တဲ့စိတ်သက်သက်ပဲဖြစ်ဖို့လိုပါတယ်။ ဆရာကြီးလုပ်တဲ့ပုံစံမျိုးတော့ မဖြစ်ပါစေနဲ့။
(၂) သူတို့က ခဏခဏ Surprise လုပ်ခံရတာကိုကြိုက်ပါတယ်။
အင်းထူးတော့ထူးဆန်းတယ်နော်။ ကိုယ်တွေယောင်္ကျားလေးတွေများ တစ်ခါမှအဲ့လိုမတွေးမိဘူး။ မိန်းကလေး တွေက surprise တွေကိုတော်တော်လေးကိုနှစ်သက်ပါတယ်။ သူတို့က သူတို့ကောင်လေးတွေsurpriseလုပ် မှာကို မျှော်လင့်နေလေ့ရှိပါတယ်။ သင့်ဆီက သူမမျှော်လင့်ထားတဲ့ အသေးအဖွဲအရာလေးတွေကြောင့် သင့်အတွက် သူမဟာ စပယ်ရှယ်ဖြစ်ပြီး၊ သင်သူမကိုချစ်နေတယ်လို့လည်း ခံစားရစေပါတယ်။ အဲ့ဒိအတွက် ဈေးကြီးတဲ့ လက်ဆောင်တွေသုံးစရာမလိုပါဘူး။ Surprise ဆိုတာ သူတို့သတ်မှတ်ထားတဲ့ ဂရုစိုက်ခြင်း၊ ကြင်နာခြင်းချစ်ခြင်းတွေရဲ့ Definition တစ်မျိုးပါ။ ကျွန်တော်တို့တွေကတော့ အဲ့ဒိလိုမသတ်မှတ်ပေမယ့် သင်သူ့ကိုချစ်တယ်ဆိုရင်တော့ သူမရဲ့ Definitionကိုလည်း ဂရုစိုက်ပေးပါ။
(၃) တစ်ခြားတစ်ယောက်ယောက်က သင့်ကိုသူ့ထက်ပိုပြီးစွဲဆောင်နိုင်မှာကိုကြောက်ကြပါတယ်။
ဒါကလည်း မိန်းကလေးတွေရဲ့ မဖော်ပြတဲ့အကြောက်တရားတစ်မျိုးပါပဲ။ သူ့တို့ကောင်လေးသို့မဟုတ်သူတို့
ယောင်္ကျားတွေ အခြားမိန်းကလေးတွေနဲ့အလုပ်အတူတူလုပ်ရတဲ့အခါ၊ အဲ့ဒိမိန်းကလေးက သင့်ကိုသူ့ထက်ပိုမိုစွဲဆောင်သွားမှာကို အရမ်းကြောက်ကြပါတယ်။ သင့်နှလုံးသားကို သူမကလွဲပြီး အခြားတစ်ယောက်ပိုင်ဆိုင်သွားမှာကို သေမလောက်ကြောက်ကြပါတယ်။ ဒါ့ကြောင့်လည်း သင့်ဆီကနေ “I love you” ဆိုတဲ့စကားကိုခဏခဏကြားချင်နေတာပါ။

(၄) သူတို့ကသင့်ကိုရိုးသားပွင့်လင်းစေချင်တယ်။
ဘယ်သူမှအရူးလုပ်ခံရတာကိုမကြိုက်ပါဘူး။ သင်လည်းမကြိုက်ဘူး။ သူတို့လည်းမကြိုက်ပါဘူး။မိန်းကလေး
တွေကအကြောင်းကိစ္စတော်တော်များများကို ခွင့်လွှတ်ပေးတတ်ကြပါတယ်။ ဒါပေမယ့်သူတို့အမုန်းဆုံးက
တော့ သူတို့ကိုလိမ်တာ၊ သူ့ကိုဖုန်းကွယ်နေတာပါပဲ။ ယောင်္ကျားလေးတွေက ပြသနာတွေကို သူများတွေကို
ပြောပြလေ့မရှိပါဘူး။ အခြားသူတစ်ယောက် စိတ်ဆင်းရဲမယ်လို့ထင်ပြီးမပြောကြတာပါ။ ဒါပေမယ့် သင့်
ကောင်မလေးထင်တာကတော့ အဲ့ဒိလိုမဟုတ်ပါဘူး။ သင့်ဘာသာ ဘာအကြောင်းကြောင့်ပဲ မပြောမပြော
သူထင်တာကတော့ သူဟာ သင့်ဘဝမှာ အရေးမပါတဲ့သူတစ်ယောက်မို့လို့ သင်မပြောပြတာလို့ပဲ မြင်
တတ်ကြပါတယ်။ သူတို့က သင့်ပြသနာကို နားထောင်ပေးချင်ပါတယ်။ ပြီးရင် ကူညီစဉ်းစားပေးချင်ကြပါ
တယ်။ ဒါ့ကြောင့်အရမ်းတော့ လျှို့ဝှက်ချက်တွေ မများပါစေနဲ့။

(၅) သူတို့တွေ သင့်အရိပ်အကဲကိုအရမ်းသိတယ်။
မိန်းကလေးတွေက ပေါ်တင်တာထုတ်မပြောရင်နေပါလိမ့်မယ်။ သင့်ရဲ့အပြုအမူ၊ အရိပ်အကဲတွေကိုသိပါတယ်။သင်ပုံမှန်နဲ့မတူပဲ မူမမှန်တာလေးတစ်ခုရှိရင်တောင်သူတို့က သိလေ့ရှိကြပါတယ်။ သူတို့က ကျွန်တော်တို့နဲ့မတူပါဘူး။ အခြားသူတစ်ယောက်ရဲ့ အမူအရာကို Analyse လုပ်ဖို့ စိတ်ဝင်စားလေ့ရှိပြီး အဲ့ဒိနေရာမှာလည်းတော်လေ့ရှိပါတယ်။ သူတို့သံသယရှိစရာ တစ်ခုခုသင့်ဆီမှာရှိပြီဆိုရင် သူတို့တွေ အမြဲစိတ်အနှောက်အယှက်ဖြစ်နေလေ့ရှိပါတယ်။ သင့်ကိုအကြောင်းမရှိအကြောင်းရှာ ဒေါသတွေလည်းထွက်လာနိုင်ပါတယ်။ သင့်အသေးအဖွဲအရိပ်ကဲလေးတွေကို သူတို့ဂရုစိုက်တယ်ဆိုတာ မမေ့ပါနဲ့။
(၆) သင့်ဘော်ဒါတွေနဲ့အချိန်ဖြုန်းချင်တာကို သူတို့နားလည်ပါတယ်။
ယောင်္ကျားလေးတွေအချင်းချင်းတွေ့ပြီး ဘီယာသောက်တာ၊ ဘောပွဲကြည့်တာ စတာတွေကို သူတို့လက်ခံ
နားလည်ပါတယ်။ ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။ တစ်ခါတစ်ရံအိုကေပေမယ့် အချိန်တိုင်းဘော်ဒါတွေနဲ့ပဲ
အချိန်ကုန်ပြီး သူတို့ကိုလုံးဝဂရုမစိုက်တာမျိုးကိုတော့ သူတို့လုံးဝမကြိုက်ပါဘူး။
နားလည်ပါတယ်။ ဒါပေမယ့်တစ်ခုတော့ရှိပါတယ်။ တစ်ခါတစ်ရံအိုကေပေမယ့် အချိန်တိုင်းဘော်ဒါတွေနဲ့ပဲ
အချိန်ကုန်ပြီး သူတို့ကိုလုံးဝဂရုမစိုက်တာမျိုးကိုတော့ သူတို့လုံးဝမကြိုက်ပါဘူး။
(၇) သင့်သူငယ်ချင်းတွေ သူမကိုသဘောကျတာမျိုးကိုလည်းလိုချင်ကြပါတယ်။
ဒါကသူတို့နှုတ်ကတော့ပြောမှာမဟုတ်ပါဘူး။ သူတို့က သင့်သူငယ်ချင်းတွေဟာ သင့်အတွက်အရေးကြီး
ကြောင်းကိုနားလည်ပါတယ်။ အဲ့ဒါကြောင့်လည်းပဲ သင့်သူငယ်ချင်းတွေ သူ့ကိုသဘောကျဖို့ကိုလည်းမျှော်
လင့်တတ်ကြပါတယ်။ နောက်တစ်ခုက သူမဟာသင့်သူငယ်ချင်းတွေနဲ့ရင်းနှီးမှုရသွားခြင်းအားဖြင့်
နောက်ပိုင်းမှာ သင်နဲ့သူမအဆင်မပြေတဲ့အခါ သင့်သူငယ်ချင်းတွေက သင်တို့နှစ်ယောက်ပြန်ပြေလည်ဖို့ကို
ဖျောင်းဖျမှာကို သူမကြိုမြင်နေလို့ပါ။ ဒါကလည်း သူမကိုသင့်သူငယ်ချင်းတွေ သဘောကျမှဖြစ်မှာလေ။

(၈) သူတို့တွေလည်း Space လိုတယ်။
ပြောတာ သင့်ရဲ့နားလည်မှုကိုလိုအပ်ရုံလို့ပါ။ သင်ပဲ ကိုယ်ပိုင်လွပ်လပ်ချိန်၊လွပ်လပ်ခွင့်ကိုလိုလားတာ
မဟုတ်ပါဘူး။ သူတို့လည်း တစ်ခါတစ်လေ လိုအပ်ပါတယ်။ ဒါကြောင့် Space ပေးဖို့ကိုလည်းမမေ့ပါနဲ့။
ရှာဖွေတွေ့ရှိထားတာမဟုတ်ဘူးနော်။ တော်ကြာဆရာကြီးလားဆိုပြီး လာဆဲနေမှာစိုးလို့ စကားပလ္လင်ခံ
ထားတာ။ ချစ်တဲ့သူတိုင်း အဆင်ပြေကြပါစေဗျာ။
No comments:
Post a Comment