Dear all Readers

I will post free 3d models, textures and lessons to this blogs for all of reader who want to learn about visualization field, especially beginner and who can't find easily visualization accessories, textures and lessons.


Free World Stuff ကို လာရောက်လည်ပတ်ကြတဲ့ မိတ်တွေ အတွက် ဒီ blog လေးက အထောက်ကူ ဖြစ်မယ် လို့ မျှော်လင့်ပါတယ် အခုမှ 3d visualizer or interior designer ဖြစ်ဖို့ ကြိုး စားနေတဲ့ မိတ်ဆွေ အတွက် Free World Stuff ကနေပြီးတော့ free 3dmodels, textures နဲ့ Lessons တွေကို အတတ်နိုင်ဆုံး ပြည့်စုံ ပြီး update ဖြစ်နေအောင် တင်ပေးသွားပါ့မယ်............

Friday

ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် စိုးရိမ်ကြောင်း အမေရိကန်ထုတ်ပြန်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသခံ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး လမ်းလျှောက်ဆန္ဒပြသဖြင့် ပုဒ်မ ၁၈ ဖြင့် ခြောက်မြို့နယ်မှ တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခံရသည့် ဦးနေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ ဦးသန်းဆွေ၊ ဦးတင်ထွဋ်ပိုင်နှင့် ဦးဘမြင့်တို့ကို တရားရုံးပြင်ပ၌ ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

Source : 7day daily

 မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရသည့် သတင်းများအပေါ် စိုးရိမ်မိ ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောကြားသည်။
လူတစ်ဦးတစ်ယောက်ချင်း စီ၏ အခြေခံကျသော ငြိမ်းချမ်းစွာ ထုတ်ဖော်နိုင်ခွင့်နှင့် စုဝေးနိုင်ခွင့်ကို ကျင့်သုံးခြင်းသည် မည်သည့် ဒီမိုကရေစီနိုင်ငံတွင်မဆို အဓိက ကျသကဲ့သို့ လက်ရှိပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာလည်း အခြေခံကျ ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါအခွင့်အရေးများကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးသည် လာမည့်ရွေးကောက်ပွဲကာ လအတွင်း ရွေးကောက်ပွဲပွင့်လင်း မြင်သာရှိမှု၊ အားလုံးပါဝင်နိုင်မှု နှင့် အများ ယုံကြည်လက်ခံနိုင်မှုတို့ကို တိုင်းတာရာတွင် လွန်စွာ အရေးပါမည်ဖြစ်ပြီး
ဒီမိုကရေစီ အခွင့်အရေးများကို ရှေ့လာမည့် ကာလများနှင့် ယင်းအလွန်ကာ လများ၌ပါ အကာအကွယ်ပေးရန်အာဏာပိုင်များအား တိုက်တွန်း ကြောင်း ကြေညာချက်၌ ဆက် လက်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး အစောပိုင်း၌ နိုင်ငံရေးအကျဉ်းသားအများအပြားကို ပြန်လွှတ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် တက်ကြွလှုပ်ရှားသူများအပါအ၀င် လယ်ယာမြေအရေးကိစ္စအတွက် လှုပ်ရှားတောင်းခံသူအများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားအရေးစောင့်ကြည့်လေ့လာသူများက ပြောသည်။
‘‘အစိုးရအနေနဲ့က နိုင်ငံရေး အကျဉ်းသားဖမ်းဆီးမှုကိစ္စကို လုံခြုံရေးပြဿနာလို့ ထင်နေတယ်။ ဒါကို နိုင်ငံရေးပြဿနာလို့ မခံယူ ချင်ကြဘူး။ ဒီလိုဆက်လက်ပြီး ဖမ်းဆီးမှုတွေ လုပ်နေရင်တော့ ဆုံးမှာမဟုတ်တော့ဘူး။ ဒီလုပ်ရပ်တွေက လာမယ့်ရွေးကောက်ပွဲအ ပေါ် အများကြီးသက်ရောက်သွားစေမှာ အမှန်ပဲ။ ဒါကြောင့် အမေရိကန်အစိုးရရဲ့ တိုက်တွန်းကြေညာချက်ကို ကျွန်တော်တို့အနေနဲ့ မူအားဖြင့် လက်ခံကြိုဆိုတယ်’’ဟု မြန်မာ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုထွန်းကြည် က ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဥပဒေတွင် ခွင့်ပြု ချက်မဲ့ဆန္ဒထုတ်ဖော်ပါက ထောင်ဒဏ်လေးလထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် ရန်ကုန်တွင် ဖြတ်သန်းဆန္ဒပြရာ မြို့နယ်များအလိုက် ထပ်မံတရားစွဲဆိုကာ ပြစ်ဒဏ်များ သီးခြားစီချမှတ်လေ့ရှိသည်။ အချို့အလားတူ ဖြစ်စဉ်များတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှုကဲ့သို့သော ပုဒ်မများပါ ပူးတွဲ ထည့်သွင်းထားသည့်အတွက် ပြစ်ဒဏ်မှာ နှစ်နှင့်ချီကျသွားခဲ့ရခြင်းများလည်း ရှိနေသည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုသည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦး တရားရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားကူ ညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၄ ဦး တရားစွဲဆိုခံရပြီး ၎င်းတို့အနက် ရဟန်းတစ်ပါး ဖမ်းဆီးခံထားရကာ တက်ကြွလှုပ်ရှားသူ ၁၇ ဦး ထောင်ဒဏ်၊ငွေဒဏ်များ ချမှတ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ထောင်ဒဏ်များ ပြီးဆုံးသဖြင့် အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်ခဲ့ကာ လက်ရှိအကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား လေးဦး၏ ကျန်းမာရေးအခြေအနေများ ဆိုးရွားနေကြောင်း AAPP က ထုတ်ပြန်ထားသည်။


No comments:

Post a Comment